Software ရှာရန်

Saturday, October 18, 2014

Memory Stick ကို Windows တင်လို့ရအောင် ပြုလုပ်နည်း




Window ကို USB Drive ကနေတင်ဖို့အတွက် WinToFlash လေးက usb ကို ၀င်းဒိုးခွေ အသွင်ပြောင်းပေးတာပဲဖြစ်ပါတယ်။USB ကလည်း 4 GB ဆိုလုံလောက်ပါတယ်။ တချို့ CD Drive မဖတ်တော့တာတို့မျိုးဆိုရင် ဒီနည်းလေးကအသုံးဝင်ပါတယ်... အောက်မှာလည်း ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်။ WinToFlash software ကို http://wintoflash.com/download/en/
ဆိုဒ်မှာ Download လုပ်ပါ။
 Folder ထဲမှ WinToFlash လေးကို run လိုက်ပါ ...

ပုံမှာပြထားသည့်အတိုင်းတဆင့်ခြင်းလုပ်ဆောင်ပါ ...

Next ကိုနှိပ်ပါ ...

ဒီအတိုင်းမြင်ရပါလိမ့်မယ် ... အပေါ်က window files path နေရာမှာ window CD ထည့်ပြီး 

အောက်က USB drive နေရာမှာ မိမိတပ်ဆင်ထားသော USB ကိုရွေးပေးရမှာပါ ...

 
 ဒီအဆင့်မှာ window files path နေရာမှာ window CD ကို select လုပ်ပေးရပါမယ် ...

ကျွန်တော်ကတော့ window CD ထည့်ပြီးသုံးထားပါတယ် ...

ပုံမှာပြထားသည့်အတိုင်း USB drive နေရာမှာ မိမိတပ်ဆင်ထားသော USB ကိုရွေးပေးရမှာပါ ...


ပုံမှာပြထားသည့်အတိုင်း window CD နှင့် USB ကိုနေရာပေးပြီးသွားလျှင်...
Next ကိုနှိပ်ရပါမယ် ...


ဒီနေရာမှာ ပုံမှာပြထားသည့်အတိုင်း ရွေးပြီး continue ကိုနှိပ်ပါ ...


ပုံမှာပြထားသည့်အတိုင်း WinToFlash ကပြောင်းလည်းပေးပါလိမ့်မယ်... 
ပြီးလျှင် Next ပေါ့...
Exit ကိုနှိပ်ပါ။
ပြီးလို့ USB Drive ကို ထုပ်ပြီး ပြန်တပ်ကြည့်တဲ့အခါမှာ 

ပုံမှာပြထားသည့်အတိုင်း အသွင်ပြောင်းသွားတာကို မြင်ရပါလိမ့်မယ်...

ဒါဆိုရင်တော့ USB ကနေ Window တင်ဖို့အဆင်သင့်ဖြစ်ပါပြီ ...

*** ကျွန်တော့ညီလေး ပြည့်စုံ မေးလို့တင်ပေးလိုက်တာပါ။ ***

**** ဓာတ်ပုံနှင့် စာသားများကို IT Sharing Network ဆိုဒ်မှ မှီညဉ်းပါသည်။ ****

Huawei ဖုန်း 610 အတွက် Safte Mode ကျော်နည်း

Huawei 610 တွေဟာ Hardware Erro တစ်ခုကြောင့် safte mode ဖြစ်သွားတတ်ပါတယ်
ကျွန်တော်လေ့လာမိသလောက်လေး ကျော်ပြီးနဲနဲအဆင်ပြေအောင် လုပ်နည်းလေးပြောပြချင်ပါတယ်
Power ကိုဖွင့်ပါ
3gw ပုံစံလေးပေါ်အောင်စောင့်ပါ
ပေါ်လာတာနဲ့တပြိုင်တည်း down volume ခလုတ်ကို ဖိထားပါ ဖုန်းရဲ့. အသုံးပြုနေကြ Screen လေးမပေါ်မခြင်းပေါ့ ပေါ်ရင်လွတ်လိုက်ပါ
Safte mode ပျောက်သွားပါလိမ့်မယ်
power နှိပ်ပြီး screen off လုပ်တဲ့ function လေးကတော့ အလုပ်လုပ်ချင်မှလုပ်ပါလိမ့်မယ်
Volume down ခလုပ်လဲ အဲလိုပါဘဲ
ဒါပေမယ့် viber facebook တို့တော့အလုပ်ပြန်လုပ်ပါလိမ့်မယ် ခင်ဗျာ လိုအပ်တာများရှိရင် နားလည်ပေးပါ သိသလောက်လေးရေးတာ မို့ပါ