အရင်တုန်းကဆိုရင် MTK Device တွေကို Recovery Mode ခေါ်မရတော့ တော်တော်တိုင်ပတ်တယ်။
အခုဒီ Software လေးနဲဆိုတော့ အဆင်ပြေပြီပေါ့။
ကိုယ့်ဖုန်းမှာ USB Debugging ကို Enable
လုပ်မထားခဲ့ရဘဲ Pattern Lock ကျတာပဲဖြစ်ဖြစ်.. တစ်ခုခုကြောင့် ဖုန်း Lock
ကျသွားတဲ့အခါမျိုးမှာ ဒီ Tool က အဆင်ပြေပါလိမ့်မယ်..
လိုတာလေးတွေ
ဒေါင်းလိုက်ပါအုံး...
လိုအပ်တာတွေစုံပြီဆိုရင်တော့...
၁။
ဖုန်းကိုပါဝါပိတ်လိုက်ပါ...
၂။
MauiMETA ကို install လုပ်ပြီး ဖွင့်လိုက်ပါ....
၃။
menu bar ကနေ Option>Connect smart phone into META mode ကိုနှိပ်ပါ
reconnect
button ကိုနှိပ်ပါ figure-1 ....
၎။
ပြီးတာနဲ့ ဖုန်းကို vol up ကိုနှိပ်ထားပြီး usb ကြိုးချိတ်လိုက်ပါ.. vol up
ကိုမလွှတ်ပါနဲ့ ဆက်နှိပ်ထားပါ စက္ကန့်၂၀လောက်နှိပ်ထားလိုက်ရင်.. figure-2
ထဲကလိုပုံလေးပေါ်လာပြီဆိုရင် ဖုန်းဟာ META mode ထဲရောက်သွားပါပြီ logo
မှာပဲရပ်နေပါလိမ့်မယ်.....
၅.
ဒါဆိုရင်တော့ Adb က သိမယ့်အနေအထားရောက်သွားပါပြီ.. Adb နဲ့ စစ်ကြည့်ရင် ဖုန်းကို
သိနေပါလိမ့်မယ်... Adb သိပြီဆိုတော့ Adb နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက် အမျိုးမျိုး
လုပ်လို့ရပြီပေါ့ဗျာ... သေချာအောင် PC Suite တစ်ခုခုနဲ့ စစ်ကြည့်ပါ.. အောက်က
ပုံမှာတော့ Pattern Lock ဖြည်ဖို့အတွက် ROM master ကိုဖွင့်လိုက်တာ ဖုန်းကို Adb
သိနေတဲ့အနေအထားပါ... Adb သိနေတော့ Pattern ကို တစ်ချက်ပဲ နှိပ်ပြီး
ဖြုတ်လိုက်တယ်လေ... User Data တွေ မဆုံးရှုံးတော့ဘူးပေါ့...
အားလုံး အဆင်ပြေပြေလုပ်နိုင်ကြပါစေ။
**** စာသားနှင့် ပုံများကို ကိုဝင်းကမ္ဘာကျော် မှာ မှီညမ်းသည်။ *****